ရည်မှန်းချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံတကာအသိအမှတ်ပြုအဆင့်မြှင့်ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာရေးစနစ်ကိုအကောင် အထည်ဖေါ်ဆောင်ရွက်ရန်၊
(ခ) နိုင်ငံတကာအဆင့်မှီ ပညာရပ်ဆိုင်ရာ ပတ်၀န်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များကို ထိရောက်စွာ အသုံး ပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ၏ အရည်အသွေးမြင့်မားလာစေရန်၊
(ဂ) ကျေားင်းသားဗဟိုပြုနည်းလမ်းများကို အသုံးပြုလျှက် အသိဥာဏ်ပညာ လှုံ့ေဆာ်ပေးသည့် ဆန်းသစ်တီထွင်မှုအားကောင်းသော ပညာရပ်ဆိုင်ရာ ပတ်၀န်းကျင်တစ်ခုတွင် လူ့အသိုင်းအ၀ိုင်း၊လူသားနှင့် သဘာ၀ပတ်၀န်းကျင် တို့၏အကျိုးကို ထိရောက်စွာပါ၀င်ဆောင်ရွက်နိုင်မည့် အင်ဂျင်နီယာများ၊ သုတေသီများ ပြုစုပျိုး ထောင် မွေးထုတ်ပေးရန်၊
(ဃ) အရည်အသွေးမြင့်မားသည့်ပညာရေး၀န်ထမ်းများ ခန့်အပ်ခြင်း၊ အရည်အချင်း ြမှင့်တင်ပေးခြင်း၊ ပြန်လည်သင်တန်းများပေးအပ်ခြင်းကိုပြုလုပ်ရန်၊
(င) နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု၊ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများကိုဆောင်ရွက်ရန်၊
(စ) ပညာဉာဏ်အမြော်အမြင်ကို လည်းကောင်း၊ ကျွမ်းကျင်မှုကိုသော်လည်းကောင်းအစဉ်မ ပြတ် တိုးတက်ကောင်းမွန်အောင် စီမံဆောင်ရွက်ရန်။