နောက်ခံသမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကို (၁၉၉၉)ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ အဖြစ်စတင်တည်ထောင်ခဲ့သည်။ ထို့နောက် (၂၀၀၉)ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (ရမည်းသင်း)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ နည်းပညာတက္ကသိုလ်(ရမည်းသင်း)အဖြစ်ဖြင့် (၂၀၁၀)ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်ပြီး အင်ဂျင်နီယာလူငယ်များကို မွေးထုတ်သင်ကြားပေးလျက်ရှိပါသည်။

ရည်မှန်းချက်

  • ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသောဘာသာရပ်များလေ့ကျင့်သင်ကြားပေးရန်
  • ကျောင်းသားများ၏စိတ်ဝင်စားမှု၊ရည်မှန်းချက်များနှင်ကိုက်ညီသောသင်ယူလေ့လာမှု နည်းလမ်းကောင်းများညွှန်ပြပေးရန်
  • ကျောင်းသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်

မျှော်မှန်းချက်

  • ဒေသအတွက်လိုအပ်သောအရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီးကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
၁ဦးမင်းမင်းအောင်ME(EP)၅.၅.၂၀၀၉ မှ ၂၁.၂.၂၀၁၀ထိ
၂ဦးအောင်ထိုက်သူME(EP)၂၅.၂.၂၀၁၀ မှ ၂၄.၅.၂၀၁၈ထိ
၃ဦးအေးမင်းထွန်းME(EP)၄.၆.၂၀၁၈ မှ ယနေ့ထိ